(ရုပ်သံအစီအစဉ်) ■ December ၁ ရက်နေ့ ၊ ၂ ရက်နေ့များမှာ SP Bakery နှင့် CAC ( Castle Amazing Center ) တို ့ ပူးပေါင်းပြီး DIY Festival For KIDS ပွဲတော်ကြီးကို ပထမဆုံးအနေဖြင့် မန္တလေး MCC မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ ဒီဇင်ဘာလ ၂ ရက်နေ ့ Festival For Kids ပွဲတော်ကြီးရဲ့ ဒုတိယနေ့ဖြစ်တာကြောင့် ကလေးငယ်များ.မိဘများ၊ စျေးဝယ်သူများနဲ့ စည်ကားစွာကျင်းပခဲ့ပါတယ်။ ကလေးပစ္စည်း အသုံးအဆောင်များ၊ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများကို တစ်နေရာတည်းမှာ စျေးနှုန်းချိုသာစွာနဲ့ ဝယ်ယူရရှိနိုင်တာကြောင့် စျေးဝယ်သူများ မိဘများပျော်ရွှင်ကျေနပ်ခဲ့တဲ့ ပွဲတော်ကြီးလည်းဖြစ်ခဲ့ပါတယ်။
DIY Festival For KIDS ပွဲတော်ကြီး [ဒုတိယနေ့]