Designer သွင်စုထွေးရဲ့ ဖန်တီးမှုလက်ရာတွေကို Stella Collections အိတ်များနဲ့ တွဲဖက်တင်ဆက်ခဲ့တဲ့ "The Original Concepts, Monsoon 2019 Event"
Stella Collections Brand Launching တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် "The Original Concepts, Monsoon 2019 Event"ကို သြဂုတ်လ ၃ဝရက်နေ့ ညနေပိုင်းက မြန်မာပလာဇာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာတော့ Designer သွင်စုထွေးရဲ့ Trendမျိုးစုံကို မော်ဒယ်များမှ Stella Collections အိတ်များ နဲ့ တွဲဖက်ပြီး Model Show လျှောက်တဲ့အစီအစဉ်တွေပါဝင်ခဲ့ပြီး အကယ်ဒမီသက်မွန်မြင့် ၊ အကယ်ဒမီ ဝတ်မှုန်ရွှေရည်တို့နဲ့အတူ အခြားသော နာမည်ကျော်အနုပညာရှင်များစွာ မှ လည်း တက်ရောက် အားပေးခဲ့ကြပါတယ်။