တောင်ကိုရီးယားသမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ ၆ ခု လက်မှတ်ရေးထိုး
ထိုင်းနိုင်ငံကို ပထမဆုံး နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် တရားဝင်ရောက်ရှိနေတဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းဟာ စက်တင်ဘာလ ၂ ရက်နေ့က ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့အတွက် ဆွေးနွေးခဲ့ကြပြီး နားလည်မှုစာချွန်လွှာ ၆ ခုမှာ လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကိုလည်း သက်သေအဖြစ် တက်ရောက်ခဲ့ပါတယ်။