ပုသိမ်မြို့ရှိ Myanmar Knitting အထည်ချုပ်စက်ရုံရှိ အလုပ်သမားတစ်ထောင်ခန့်မှ တောင်းဆိုချက် ၄၅ ချက်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ရာ ငြိမ်းစုစီပုဒ်မဖြင့် ဦးဆောင်သူ ၈ ဦးအား အမှုဖွင့်အရေးယူ

ပုသိမ်မြို့ရှိ Myanmar Knitting အထည်ချုပ်စက်ရုံရှိ အလုပ်သမားတစ်ထောင်ခန့်မှ တောင်းဆိုချက် ၄၅ ချက်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ရာ ငြိမ်းစုစီပုဒ်မဖြင့် ဦးဆောင်သူ ၈ ဦးအား အမှုဖွင့်အရေးယူ
Published 3 September 2019

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက် မဟာဓေတီလမ်းကြီးပေါ်ရှိ Myanmar Knitting အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ထောင်ခန့်မှ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီခွဲမှစတင်ကာ တောင်းဆိုချက် ၄၅ ချက်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ရာ ငြိမ်းစုစီဥပဒေ ပုဒ်မ (၁၉) ဖြင့် ဦးဆောင်သူ ၈ ဦး အမှုဖွင့်အရေးယူခံခဲ့ရတယ်လို့ သိရပါတယ်။