အမေရိကန်နှင့် အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်မည်မဟုတ်ဟုအီရန်သမ္မတငြင်းဆို
အီရန်ဟာအမေရိကန်နိုင်ငံနဲ့ အပြန်အလှန်ဆွေးနွေးမှုတွေ လုံးဝလုပ်ဆောင်သွားမှာ မဟုတ်ကြောင်းနဲ့ ၎င်းတို့အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုအားလုံးကို ရုတ်သိမ်းပေးမယ်ဆိုရင်တော့ ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်မှာပါဝင်တဲ့ တခြားနိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်လာနိုင်တယ်လို့ အီရန်သမ္မတဟတ်ဆန်ရိုဟာနီကပြောပါတယ်။