MPT အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၅၅ ဘီလီယံ ပေးသွင်းထားပြီး အခြားဆက်သွယ်ရေး အော်ပရေတာများနှင့် နှိုင်းယှဉ်ပါက အများဆုံးဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဆို
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT အနေနဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ဆက်သွယ်ရေးလုပ်ငန်း ဝန်ဆောင်မှုအပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၅၅ ဘီလီယံ ပေးသွင်းထားပြီး တယ်လီနော၊ အော်ရီဒူးစတဲ့ ဆက်သွယ်ရေး အော်ပရေတာများနဲ့ နှိုင်းယှဉ်ပါက အများဆုံးဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားခဲ့ပါတယ်။