အနောက်ဘင်္ဂလားကမ်းခြေတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်ငါးခုတွင် နေရာကွက်မိုးကြီးနိုင်ကြောင်းမိုး/ဇလ ထုတ်ပြန်
အနောက်ဘင်္ဂလားကမ်းခြေမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အိန္ဒိယနိုင်ငံ သြရိသ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ငါးခုမှာ နေရာကွက်မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။