မြန်မာ နှင့် ဂျပန် (၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ စက်တင်ဘာလ ၁ဝရက်၊ မြန်မာစံတော်ချိန် ညနေ ၆း၅၀ နာရီ)

မြန်မာ နှင့် ဂျပန် (၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ စက်တင်ဘာလ ၁ဝရက်၊ မြန်မာစံတော်ချိန် ညနေ ၆း၅၀ နာရီ)
Published 9 September 2019

မြန်မာ နှင့် ဂျပန် (၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ စက်တင်ဘာလ ၁ဝရက်၊ မြန်မာစံတော်ချိန် ညနေ ၆း၅၀ နာရီ)

■ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စုဒုတိယပွဲစဉ်အဖြစ် မြန်မာအသင်းက အာရှထိပ်သီး ဂျပန်အသင်းနဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ရပါမယ်။ အုပ်စုအဖွင့်ပွဲမှာ ကမ္ဘာ့အဆင့် (၁၈၀)ကျော်ရှိတဲ့ မွန်ဂိုလီးယားအသင်းကို ရှုံးနိမ့်ထားလို့ ဂျပန်အသင်းနဲ့ပွဲမှာ ပရိသတ်ကျေနပ်စေမယ့်ရလဒ်မျိုး ပုံဖော်နိုင်မလား။

■ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၆)ကြိမ်ဆက်ပါဝင်ယှဉ်ပြိုင်ခွင့်ရထားသလို၊ ဥရောပအခြေစိုက်နာမည်ကျော်ကစားသမားအများစုနဲ့ ဖွဲ့စည်းထားတဲ့ ဂျပန်အသင်းရဲ့ မြန်နှုန်းမြင့်ကစားဟန်ကို မြန်မာအသင်း ခံစစ်ဘယ်လိုထိန်းချုပ်မလဲ။

■ မွန်ဂိုလီးယားအသင်းနဲ့ပွဲက အနီကတ်ပြစ်ဒဏ်ကြောင့် တောင်ပံကစားသမား မောင်မောင်လွင် မပါဝင်နိုင်လို့ မြန်မာအသင်း တိုက်စစ်အားနည်းသွားနိုင်ချိန်မှာ မြန်မာနည်းပြ ရာဒူလိုဗစ်က ဂျပန်နဲ့ပွဲကို ဘယ်လိုဗျူဟာမျိုး ခင်းကျင်းလာမလဲ။ ဂျပန်အသင်းကို ခံစစ်သက်သက်ပိတ်ကစားမလား၊ တန်ပြန်တိုက်စစ် အသုံးပြုမလား။

■ ၂၀၁၉ ခုနှစ်အတွင်းကစားခဲ့တဲ့ပွဲစဉ် (၁၅)ပွဲမှာ (၃)ပွဲသာရှုံးနိမ့်ထားတဲ့ ဂျပန်အသင်းအတွက် လိုအပ်ချက်တွေများနေသေးတဲ့ မြန်မာအသင်းက လွယ်ကူလွန်းတဲ့ ပြိုင်ဘက်ဖြစ်လာမလား။ အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးမှုက မြန်မာအသင်းကို ဘယ်လောက်အထိ အကျိုးပြနိုင်မလဲ။

Most Viewed

Most Recent