စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ်
■ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းသည် ကောင်းမွန်သည့် လက္ခဏာတစ်ရပ် မဟုတ်သကဲ့သို့ ငွေလဲလှယ်နှုန်း တည်ငြိမ်ရေးမှာလည်း ကုန်သွယ်မှုနှင့်ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် အရေးကြီးကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား
■ သေဒဏ်ချမှတ်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦး အသက်ရှင်သန်ပိုင်ခွင့် ခံစားရရှိနိုင်ရေးအတွက် လူ့အခွင့်အရေးရှုထောင့်မှ ကူညီဆောင်ရွက်ပေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မေတ္တာရပ်ခံ
■ အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ထရန့်က ရုတ်ခြည်းဖျက်သိမ်းခဲ့မှုကြောင့် အမေရိကန်များ ထပ်မံသေဆုံးရလိမ့်မည်ဟု တာလီဘန်အဖွဲ့ ပြောကြား
■ ဇင်ဘာဘွေသမ္မတဟောင်း ရောဘတ်မူဂါဘီ၏ စျာပနပွဲနှင့် မြှုပ်နှံသဂြိုဟ်ပွဲကို လာမည့်သီတင်းပတ်အကုန်တွင် ပြုလုပ်ရန် စီစဉ်ထား
အစရှိတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးထားပါတယ်။