လေယာဉ်မှူးများ သပိတ်မှောက်မှုကြောင့် British Airways လေကြောင်းလိုင်းက ခရီးစဉ် ၁၇၀၀ ခန့် ဖျက်သိမ်းခဲ့ရ
British Airways (BA) လေကြောင်းလိုင်းက လေယာဉ်မှူးတွေဟာနှစ်ရက်ကြာ သပိတ်မှောက်မှုကို စက်တင်ဘာလ ၉ ရက်နေ့က စတင်ခဲ့တာကြောင့် လေယာဉ်ခရီးစဉ်အားလုံးနီးပါးကို ဖျက်သိမ်းခဲ့ရပြီး ထောင်နဲ့ချီတဲ့ ခရီးသည်တွေအတွက် အဆင် မပြေမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။