ကမ်းနားလမ်းအငှားအိမ်ရာသို့ မူးယစ်ဆေးဝါးသုံးစွဲရောင်းချမှုများအတွက် ဝင်ဖမ်းရာ ပြန်လည်ခုခံသဖြင့် သေနတ်ပစ်ဖောက်ခဲ့ရပြီး သင်္ကန်းဝတ်အမျိုးသားတစ်ဦးအပါအဝင် ၁၃ ဦးဖမ်းဆီးရမိ
မန္တလေးမြို့ကမ်းနားလမ်း စည်ပင်အငှားအိမ်ရာရှိ တိုက်ခန်းတစ်ခန်းသို့ မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေမှုများ နှင့်ပတ်သက်ပြီး သတင်းရရှိတာကြောင့် ဒီဇင်ဘာလ ၁၀ ရက်က ဝင်ရောက်ဖမ်းဆီရာ ပြန်လည်ခုခံခြင်းနှင့် တိုက်ပေါ်မှ ခုန်ချထွက်ပြေးတာတွေကြောင့် သေနတ်ပစ်ဖောက်ခဲ့ရပြီး သင်္ကန်းဝတ်အမျိုးသားတစ်ဦးအပါအဝင် ၁၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းရရှိပါတယ်။