၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကာလအတွင်း အပူဒဏ်သက်သာစေမည့် နှင်းတုပက်ဖျန်းစက်ကို စမ်းသပ်မှုပြုလုပ်
လာမယ့်နှစ်မှာ ကျင်းပမယ့် ၂၀၂၀ တိုကျို နွေရာသီအိုလံပစ်ပြိုင်ပွဲနဲ့ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲကာလအတွင်း အပူချိန်အလွန်မြင့်မားနိုင်တဲ့ အခြေအနေမျိုးမှာ လာရောက်ကြည့်ရှုသူတွေကို အပူဒဏ်သက်သာစေဖို့အတွက် ပြိုင်ပွဲစီစဉ်သူတွေဟာ စက်တင်ဘာလ ၁၃ ရက်နေ့က အကြိုသရုပ်ပြပွဲတစ်ခုမှာ ပရိသတ်တွေပေါ် နှင်းတုတွေပက်ဖျန်းကာ စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။