တိုင်း လွှတ်တော် ဒုဥက္ကဋ္ဌဟောင်းကို အချုပ်လွတ် ထုချေခွင့်ပြု

တိုင်း လွှတ်တော် ဒုဥက္ကဋ္ဌဟောင်းကို အချုပ်လွတ် ထုချေခွင့်ပြု
Published 14 September 2019

အလွဲသုံးစားမှုများ ရှိခဲ့သည်ဆိုကာ တရားစွဲခံထားရသည့် ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဟောင်းကို ကျန်းမာရေးအခြေအနေအရ အချုပ်လွတ် ထုချေခွင့်ပြု

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် အသုံးပြုရန်အတွက် မော်တော်ယာဉ်ငါးစီး ဝယ်ယူရာမှာ အလွဲသုံးစားမှုများ ပြုလုပ် ခဲ့တယ်လို့ဆိုကာ တရားစွဲဆိုခံထားရတဲ့ တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ရဲ့ ကျန်းမာရေးအရ အာမခံ လျှောက်ထားမှုနဲ့ ပတ်သက်လို့  စက်တင်ဘာ ၁၃ ရက်ရုံးချိန်းမှာ တရားရုံးက အချုပ်လွတ်ထုချေခွင့်ပြုတဲ့ အမိန့်ချလိုက်တယ်လို့ သိရပါတယ်။