ဆော်ဒီနိုင်ငံရှိ ရေနံချက်စက်ရုံနှစ်ရုံကိုတိုက်ခိုက်မှုများမှာအီရန်အနောက်တောင်ပိုင်းမှ အစပြုခဲ့ခြင်းဖြစ်ဟုဆို
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကဆော်ဒီနိုင်ငံရှိ ရေနံချက်စက်ရုံနှစ်ရုံကိုဒရုန်းနဲ့ တိုက်ခိုက်မှုတွေဟာအီရန်နိုင်ငံအနောက် တောင်ပိုင်း ကနေ အစပြုခဲ့တာဖြစ်ကြောင်းအမေရိကန်အစိုးရကယုံကြည်ထားတယ်လို့ အစိုးရတာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။