ဟောင်ကောင်ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို နှိပ်စက်ညှင်းပန်းခဲ့ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ စွပ်စွဲ
ဟောင်ကောင်ရဲတပ်ဖွဲ့ဟာ ဒီမိုကရေစီလိုလားတဲ့ဆန္ဒပြသူတွေကို အင်အားအလွန်အကျွံသုံးနှိမ်နင်းတာ၊ တချို့ကိစ္စတွေ မှာ နှိပ်စက်ညှင်းပန်းရာရောက်တဲ့အထိ ပြုမူခဲ့တာတွေရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့က စက်တင် ဘာလ ၂၀ ရက်မှာ စွပ်စွဲလိုက်ပါတယ်။