မန္တလေးတိရစ္ဆာန်ဥယျာဉ်တွင်း ဝက်ဝံများအား အစာဝအောင်မကျွေးဟုဆိုပြီးလူမှုကွန်ရက်တွင်ပျံ့နှံ့နေမှုမှာသတင်းဟောင်းသာ ဖြစ်ပြီးရည်ရွယ်ချက်ရှိရှိ ဖြန့်ဖြူးနေပါကအရေးယူမည်ဟုဆို
မန္တလေးရတနာပုံတိရစ္ဆာန်ဥယျာဉ်မှာ ပြသထားတဲ့ တိရစ္ဆာန်တွေကိုထိန်းသိမ်းစောင့်ရှောက်မှုနဲ့ပတ်သက်လို့ ဥယျာဉ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေကတိရစ္ဆာန်တွေအတွက် သတ်မှတ်ထားတဲ့ နည်းစနစ်တွေအတိုင်း စောင့်ရှောက်ကျွေးမွေးထိန်းသိမ်းတာတွေ လုပ်ဆောင်နေပြီးလူမှုကွန်ရက်မှာပျံနှံ့နေတဲ့သတင်းတွေဟာမဟုတ်မှန်ဘူးလို့ တာဝန်ရှိသူတွေက ရှင်းလင်းပါတယ်။