ဟေတီနိုင်ငံတွင် လောင်စာဆီပြတ်လပ်မှုအပေါ် ဆန္ဒပြသည့်အနေဖြင့် တာယာများကို မီးရှို့ကာ လမ်းများကို ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့
စက်တင်ဘာလ ၂၀ ရက်နေ့က ဟေတီနိုင်ငံ၊ မြို့တော် ပို့တ်အော်ပရင့်စ်ရဲ့ လမ်းမတွေပေါ်မှာ နိုင်ငံအတွင်း လောင်စာဆီ ပြတ်လပ်နေမှုအပေါ် ဒေါသတကြီးဖြစ်နေတဲ့ ဆန္ဒပြသူတွေက တာယာတွေကို မီးရှို့ကာ လမ်းမတွေကို ပိတ်ဆို့ခဲ့ကြတယ်လို့ သိရပါတယ်။