ကင်ညာနိုင်ငံတွင် စာသင်ခန်း ပြိုကျမှုကြောင့် ကလေးငယ် ၇ ဦး သေဆုံးကာ ၅၇ ဦးထက်မနည်း ဒဏ်ရာရ
စက်တင်ဘာလ ၂၃ ရက်က ကင်ညာနိုင်ငံ၊ မြို့တော် နိုင်ရိုဘီရှိ စာသင်ခန်းတစ်ခု ပြိုကျခဲ့တာကြောင့် ကလေးငယ် ၇ ဦး သေဆုံးပြီး အနည်းဆုံး ၅၇ ဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။