မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်ပွဲတော်ကို အနှစ်သာရပြည့်ဝပြီးအခမ်းနားဆုံးကျင်းပနိုင်အောင်ရည်ရွယ်ထားတယ်ဆိုတဲ့ ဦးဇင်ဝိုင်း
နိုင်ငံတော်ကနေကြီးမှုးကျင်းပမယ့် မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်ပွဲတော်ကိုတော့ အနှစ်သာရပြည့်ဝပြီး အခမ်းနားဆုံး ကျင်းပနိုင်အောင်ရည်ရွယ်ထားတယ်လို ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းက ဆိုပါတယ်။ မြန်မာ့ရုပ်ရှင်က ၂၀၂၀ ပြည့်နှစ်မှာ နှစ် (၁၀၀) ပြည့်မှာဖြစ်ပြီး အကြိုလှုပ်ရှားမှုသုံးကြိမ်လုပ်ခဲ့ပြီးဖြစ်တယ်လို ့လည်း သိရပါတယ်။