မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ်(၇)နှစ် ချမှတ်ခံထားရသည့် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရခြင်း တစ်နှစ်ပြည့်စုဝေးပွဲအခမ်းအနား ရန်ကုန်မြို့တွင် ပြုလုပ်
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ်(၇)နှစ် ချမှတ်ခံရတဲ့ ရိုက်တာသတင်းဌာနမှ သတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဖမ်းဆီးခံရခြင်း တစ်နှစ်ပြည့်စုဝေးပွဲ အခမ်းအနားကို ဒီဇင်ဘာ၁၂ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့မဟာဗန္ဓုလ ပန်းခြံရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။