မြောင်းမြတံတားအသစ်စီမံကိန်း ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး ရေလယ်ပိုင်းသံပေါင်တပ်ဆင်ခြင်းလုပ်ငန်း စတင် ဆောင်ရွက်နေ
မြောင်းမြတံတားအသစ် တည်ဆောက်နေမှုမှာ ရာခိုင်နှုန်းအားဖြင့် ဒီဇင်ဘာလ၁၂ရက်နေ့ထိ တွက်ချက်မှုများအရ ၇၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ပြီး ရေလယ်ပိုင်းသံပေါင်များ တပ်ဆင်ခြင်းလုပ်ငန်းများကိုပါ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။