မြင့်တက်လာသည့် လျှပ်စစ်မီတာခနှုန်းထားနှင့် နှစ်ပေါင်း(၄၀)နီးပါးကြာရပ်တည်နိုင်ခဲ့ပြီဖြစ်သည့် သီတဂူရေအလှူတော်စီမံကိန်း
■ ယနေ့ကာလ မြင့်တက်လာသည့် လျှပ်စစ်မီတာနှုန်းထားကြောင့် ရေအလှူတော်အတွက် ယခင် စုဆောင်းထားသည့် ဘဏ္ဍာတော်ငွေနှင့် ကိုက်ညီမှုမရှိတော့၍ ရေရှည်လုံလောက်နိုင်မည့် ငွေပမာဏအား တွက်ချက်ရာ ကျပ်ငွေ သိန်းပေါင်း (၆)သောင်းလိုအပ်မည်ဖြစ်ပါသည်။ အဆိုပါလိုအပ်ချက်ကို အများပြည်သူ မတည်လှူဒါန်းနိုင်စေရန် ကုသိုလ်ဝေစု တစ်စုလျှင် ကျပ်(၆)သိန်းကျပ်နှုန်းဖြင့် ကုသိုလ်ဝေစုပေါင်းတစ်သောင်းအစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။
■ စစ်ကိုင်းတောင်ရိုး၊ သီတဂူရေအလှူတော်လုပ်ငန်းကြီးမှာ မြန်မာသက္ကရာဇ် ၁၃၄၂ ခုနှစ်တွင် စတင်ခဲ့သောကြောင့်ယခုအခါ နှစ်ပေါင်း (၄၀)ပြည့်ရန်(၁)နှစ်သာလိုတော့ချိန်ဖြစ်ပါသည်။
■ လွန်ခဲ့သည့် နှစ် (၄၀)က လျှပ်စစ်ဓာတ်အားခအနေဖြင့် တစ်ယူနစ်ကို (၁၇)ပြားခေတ်တွင် ချောင်ပေါင်း (၄၀၀)ကျော်၊ ရဟန်း၊ သာမဏေ၊ သီလရှင်၊ ယောဂီသူတော်စင်ပေါင်း (၄၀၀၀)ကျော်တို့နှင့် စတင်ခဲ့သည့် ရေအလှူတော်လုပ်ငန်းကြီးဟာ ယခုအခါ ချောင်ပေါင်း (၁၃၀၀)ကျော်၊ ရဟန်း၊ သာမဏေ၊ သီလရှင်၊ ယောဂီသူတော်စင်ပေါင်း (၁၆၈၅၉)ပါးရှိပြီး လျှပ်စစ်မီတာခအနေဖြင့် တစ်ယူနစ် (၁၂၅)ကျပ်အထိ မြင့်တက်လာခဲ့ပြီဖြစ်ပါသည်။