တောဝက်ဘောလုံးအသင်းသားများကို ထမ်လွန်ဂူထဲမှ ကယ်ထုတ်ပုံအကြောင်း ရိုက်ကူးထားသည့် ပထမဆုံးရုပ်ရှင်ကားကို ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ပြသမည်
ထိုင်းနိုင်ငံ၊ ထမ်လွန်လိုဏ်ဂူထဲကနေ တောဝက်ဘောလုံးအသင်းသားတွေကို ခဲရာခဲဆစ် ကယ်ထုတ်ခဲ့ရတဲ့ ဖြစ်ရပ်မှန် အကြောင်းကို ရိုက်ကူးထားတဲ့ ပထမဆုံးရုပ်ရှင်ကားကို ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ အောက်တိုဘာလ ၅ ရက်နေ့မှာ ပွဲဦး ထွက်ပြသသွားမယ်လို့ သိရပါတယ်။