၂၀၁ဝခုနှစ်က ရေနစ်မြုပ်မှုကြောင့် ကျောက်စိမ်းကုမ္ပဏီတစ်ခု၏ နေရာပြောင်းရွှေ့ခြင်းကို ခံခဲ့ရသည့် ဖားကန့်မြို့နယ်၊ လုံးခင်း ကျေးရွာ ဂန္တဝင်ရပ်ကွက်၌ နေထိုင်ခဲ့သူများမှ နစ်နာမှုအတွက် ထိုက်တန်သည့် လျော်ကြေးရလိုကြောင်း သတင်းစာရှင်းလင်း
၂၀၁ဝခုနှစ်က ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာရှိ မိသားစု ၃၃ စု နေထိုင်တဲ့ ဂန္တဝင်ရပ်ကွက်မှာ ရေနစ်မြုပ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ကျောက်စိမ်းကုမ္ပဏီတစ်ခုရဲ့ နေရာပြောင်းရွှေ့ခြင်းကို ခံခဲ့ရတဲ့ ရပ်ကွက်နေပြည်သူတွေက သူတို့ရဲ့ နစ်နာမှုအတွက် ထိုက်တန်တဲ့ လျော်ကြေးရလိုတယ်လို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။