နိုင်ငံတကာ ခရီးသွား ဝင်ရောက်မှုတွင် ငွေကြေးသုံးစွဲနိုင်မှု မြင့်မားသည့် ဥရောပ ခရီးသွားများ လျော့ကျ သွားမှုက ခရီးသွားကဏ္ဍကို ရိုက်ခတ်မှု ရှိလာ
မြန်မာ့ခရီးသွားကဏ္ဍမှာ နိုင်ငံတကာ ခရီးသည်တွေ ဝင်ရောက်မှုဟာ သိသိသာသာ ကျဆင်းသွားတာ မဟုတ်ပေမယ့် ငွေကြေးသုံးစွဲနိုင်စွမ်း မြင့်မားပြီး ကြာမြင့်စွာ နေထိုင်လေ့ရှိတဲ့ ဥရောပခရီးသွားတွေ လာရောက်မှု ကျဆင်းသွားတာဟာ နိုင်ငံရဲ့ခရီးသွားကဏ္ဍကို ရိုက်ခတ်မှုတွေ ရှိလာတယ်လို့ ခရီးသွားလုပ်ငန်း ကဏ္ဍက ကျွမ်းကျင်သူ တွေက ပြောပါတယ်။