အစ်ကိုက အဆိုဝါသနာပါပြီး ညီမက သရုပ်ဆောင် ၀ါသနာပါတဲ့ အကယ်ဒမီ မင်းမော်ကွန်းရဲ့ သားနှင့်သမီး
အနုပညာကို ၀ါသနာပါကြတဲ့ အကယ်ဒမီ မင်းမော်ကွန်းရဲ့ သားဖြစ်သူ မင်းမြတ်နဲ့ သမီးဖြစ်သူ လေပြေသွေး တို့ကတော့ သူတို့မောင်နှမ နှစ်ယောက်ကို မိသားစုများက ၀ါသနာပါရာကိုလုပ်စေပြီး ဖြစ်မြောက်အောင်လုပ်ဖို့ အားပေးတယ်လို့ ဆိုပါတယ်။ အဆိုပိုင်းကို ၀ါသနာပါတဲ့ မင်းမြတ်က သူ့ရဲ့ပထမဆုံး သီချင်းခွေအတွက် ပြင်ဆင်နေပြီဖြစ်ကာ သရုပ်ဆောင်ပိုင်းကို ၀ါသနာပါတဲ့ လေပြေသွေးကတော့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေပြီလိုလည်း သိရပါတယ်။