တရုတ်အပန်းဖြေဥယျာဉ်တစ်ခုတွင် ရုတ်တရက်မီးပြတ်သဖြင့် ရိုလာကိုစတာစီးနေသူများ ဇောက်ထိုး ရပ်တန့်ခဲ့ (ရုပ်သံ)
ရိုလာကိုစတာအဆင်းရောက်တော့မယ့်အချိန်ကျမှအမှတ်မထင်ရပ်တန့်သွားတာပါ။ ၁၉၆ ပေ အမြင့်မှာသောင်တင်နေသူတွေ ထိုင်ခုံတွေထဲကနေပြန်ထွက်လာလို့ရအောင် ဥယျာဉ်ဝန်ထမ်းတွေက တက်ရောက်ကယ်ဆယ်ခဲ့ရပြီး အရေးပေါ်လှေကားကနေ လမ်းလျှောက်ဆင်းခဲ့ကြပါတယ်။