ချီလီနိုင်ငံတွင် အဓိကရုဏ်း ဆန္ဒပြမှုများကြောင့် အနည်းဆုံး ၇ ဦး သေဆုံးခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာထားသည့် နေရာများကို တိုးမြှင့်မည်ဟု သမ္မတဖြစ်သူ ပြောကြား
သမ္မတ ပင်နဲရာက အောက်တိုဘာလ ၂၁ ရက်မှာ ဆန်တီယာဂိုမြို့ရှိ မြေအောက်ရထားနဲ့ ဘတ်စ်ကားတွေကို တစ်စိတ်တစ်ပိုင်း ပြန်လည် ပြေးဆွဲသွားမှာဖြစ်ပြီး ဆေးရုံတွေ၊ စာသင်ကျောင်းတချို့နဲ့ နေ့ကလေးထိန်းဌာနတွေကို ပြန်လည် ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ချီလီပြည်သူတွေကိုလည်း စည်းလုံးမှုရှိဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။