ဆန္ဒပြပွဲများကြောင့် El Clasico ပွဲကို ဒီဇင်ဘာ ၁၈ သို့ ပြောင်းလဲကစားမည့်ကိစ္စ အပြီးမသတ်သေးဘဲ စပိန်အားကစားကောင်စီထံ အယူခံဝင်မည်ဟု LFP ထုတ်ပြန်
ကာတာလိုနီယာဒေသ ဆန္ဒပြပွဲတွေကြောင့် ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် El Clasico ပွဲကို ဒီဇင်ဘာ ၁၈ ရက်ကို ပြောင်းလဲကစားမယ့်ကိစ္စဟာ အပြီးမသတ်သေးဘဲ စပိန်ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ်က အရပ် ဘက်တရားရုံးနဲ့ စပိန်အားကစားကောင်စီထံ အယူခံဝင်မယ်လို့ အောက်တိုဘာလ ၂၄ ရက်က အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။