ဗြိတိန်တွင် တွေ့ရှိခဲ့သည့် ကုန်တင်ကားထဲမှ အလောင်းများ မည်သူမည်ဝါ ဆိုသည်ကို ကူညီဖော်ထုတ်ပေးရန် ဗြိတိန်က ဗီယက်နမ်သို့ စာရွက်စာတမ်းများ ပေးပို့ထား
လန်ဒန်အနီး စက်မှုဇုန်တစ်ခုမှာ ကုန်တင်ကား နောက်ခန်းထဲကနေ အလောင်း ၃၉ လောင်း တွေ့ခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ သေဆုံးသူတွေ ဘယ်သူ ဘယ်ဝါဆိုတာ ၀ိုင်းဝန်း ဖော်ထုတ်ပေးဖို့ ဗီယက်နမ်ဘက်ကို ဗြိတိန်အာဏာပိုင်တွေက စာရွက်စာတမ်းတွေ ပို့ထားတယ်လို့ သိရပါတယ်။