အီရတ်နိုင်ငံရှိ ဇာတိမြို့တွင် လိင်ပိုင်းဆိုင်ရာစော်ကားခံရသူများအတွက် ဆေးရုံဆောက်ပေးမည်ဟု ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အမျိုးသမီးပြောကြား
အိုင်အက်စ်စစ်သွေးကြွတွေရဲ့ လိင်ကျေးကျွန်အဖြစ် ဖမ်းဆီးခံခဲ့ရဖူးတဲ့ အခုနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အီရတ် ယာဇီဒီအမျိုးသမီးနာဒီယာမူရတ် က နိုဘယ်ဆုအတွက်ရရှိခဲ့တဲ့ ငွေကြေးတွေနဲ့ သူမရဲ့ မွေးရပ်မြေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသူတွေအတွက် ဆေးရုံတစ်ရုံဆောက်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။