အသက်(၇၁) အရွယ် မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်ဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ(၄)ရက်နေ့မှာ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။
ဆရာကြီးဒေါက်တာထွန်းလွင် မကွယ်လွန်မီ ၂၀၁၈ ခုနှစ် မေလမှာ ရာသီဥတုပြောင်းလဲလာမှုနဲ့ နာဂစ်မုန်တိုင်းကာလအတွေ့အကြုံတွေကို Eleven Media Groupက တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။
အဆိုပါ တွေ့ဆုံမေးမြန်းခဲ့မှုတွေထဲက ဆရာကြီးဒေါက်တာထွန်းလွင်ရဲ့ မိုးလေဝသ ညွှန်ကြားရေးမှူးချုပ်ဘ၀ မှာ ဆောင်ရွက်ခဲ့ရတဲ့ ဌာနအတွင်း ခေါင်းဆောင်မှုပုံစံနဲ့ ဆရာကြီးကိုယ်တိုင် ခံယူထားတဲ့ သူ့ရဲ့အပြောင်မြောက်ဆုံး လုပ်ငန်းတစ်ခု အကြောင်းကို ထုတ်နုတ်တင်ဆက်ပေးထားခြင်း ဖြစ်ပါတယ်။