နှစ်နိုင်ငံ ဆွေးနွေးမှုများကို ခက်ခဲစေဟု မြောက်ကိုရီးယား ဆို

နှစ်နိုင်ငံ ဆွေးနွေးမှုများကို ခက်ခဲစေဟု မြောက်ကိုရီးယား ဆို
Published 6 November 2019

အမေရိကန်၏ အကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာမှာ ရန်လိုသည့် သဘောထားကို ပြသနေပြီး နှစ်နိုင်ငံ ဆွေးနွေးမှုများကို ခက်ခဲစေဟု မြောက်ကိုရီးယား ဆို(ရုပ်သံ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ မြောက်ကိုရီးယားကို အကြမ်းဖက်မှု ထောက်ခံအားပေးတဲ့ နိုင်ငံအဖြစ် ဖော်ပြမှုဟာ ရန်လိုတဲ့မူဝါဒကို ကျင့်သုံးနေတဲ့ သာဓကတစ်ခုဖြစ်ကြောင်းနဲ့ အဲဒီလုပ်ရပ်ဟာ နျူကလီးယားအရေး ဆွေးနွေးမှုတွေကို အဟန့်အတားဖြစ်စေတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက နိုဝင်ဘာလ ၅ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
Zawgyiဖြင့်ဖတ်ရန်


Most Viewed

Most Recent