အလီဘာဘာ၏ Singles’ Day ဈေးရောင်းပွဲတော်တွင် ပထမဆုံး တစ်နာရီအတွင်း အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံဖိုး ရောင်းချနိုင်ခဲ့
တရုတ်ထိပ်တန်း e-commerce ကုမ္ပဏီကြီး အလီဘာဘာရဲ့ နှစ်စဉ်ပြုလုပ်မြဲ Singles’ Day ဈေးရောင်းပွဲတော်မှာ ပထမဆုံး ၁ နာရီအတွင်း အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ (ယွမ် ၈၄ ဘီလီယံ) ဖိုး ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်အစောပိုင်းကာလ ရောင်းအားထက် ၂၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။