စိုက်ပျိုးရေးနည်းပညာ၊ စျေးကွက်ချိတ်ဆက်မှုဆိုင်ရာ အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရန် တောင်သူလယ်သမား ဖိုရမ်ကျင်းပ
လုပ်ကွက်ငယ် တောင်သူတွေရဲ့ ဒေသထွက်ကုန်တွေကို ကောင်းမွန်မျှတတဲ့ စျေးကွက်တွေနဲ့ ချိတ်ဆက်နိုင်ဖို့၊ ထုတ်ကုန်ပစ္စည်းတွေကို ထုတ်လုပ်ရာမှာ သမရိုးကျ မိရိုးဖလာနည်းကနေ ခေတ်မှီနည်းပညာတွေ အသုံးပြုပြီး အရည်အသွေးမြှင့် ကုန်ပစ္စည်းတွေ ပြောင်းလဲထုတ်လုပ်နိုင်ဖို့ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။