■ ၂၀၂၀ ပြည့်နှစ်ကို ရောက်နေပြီ။ ဆယ်စုနှစ်တစ်ခုအတွင်း ကျွန်တော်တို့ ဘာတွေပြောင်းလဲခဲ့ပါသလဲ။ ကျွန်တော်တို့ ပတ်ဝန်းကျင်ဘာတွေပြောင်းလဲခဲ့ပါသလဲ၊ ပြီးတော့ ကျွန်တော်တို့ မြို့နယ်၊ ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့ မြင်တွေ့နေရမယ့် ကမ္ဘာကြီး၊ ဘာတွေပြောင်းလဲခဲ့ပါသလဲ။
■ မိတ်ဆွေဟာ ဘယ်အရာကို သည်းသည်းထန်ထန် ချစ်မြတ်နိုးမိခဲ့ပါသလဲ၊ ဂီတအနုပညာလား၊ စာပေအနုပညာလား၊ ကိန်းဂဏန်းတွေကြားက စီးပွားရေးဆန်ဆန်မျှော်လင့်ချက်တွေလား၊ မိသားစုတန်ဖိုးတွေလား၊ မိတ်ဆွေရဲ့ စိတ်ထွက်ပေါက်ကရော ဘာများဖြစ်မလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဆယ်စုနှစ်အတွင်းမှာ မိတ်ဆွေတို့ရဲ့ နှလုံးသားအတွင်းနံရံကို စူးရှခဲ့မယ့်အရာတွေ အများကြီးရှိခဲ့ပါလိမ့်မယ်။
■ တကယ်လို့များ မိတ်ဆွေဟာ ဘောလုံးပွဲတွေရဲ့ ရင်ခုန်သံတွေ နူးညွတ်မိသူတစ်ဦးဖြစ်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ရဲ့ ဆယ်စုနှစ်အတွင်းအကောင်းဆုံးခေါ်ယူမှုတွေအကြောင်း ပြောပြချင်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ဆယ်စုနှစ်အတွင်း အကောင်းဆုံးခေါ်ယူမှုဟာ ဘယ်ကစားသမားတွေများဖြစ်မလဲ။ မိတ်ဆွေတို့စိတ်ထဲ စွဲထင်ကျန်ရစ်မယ့် ကစားသမားတွေအကြောင်း အရင်ဆုံးတွေးပြီးမှ ရေးထားတာကို ဆက်နားထောင်စေချင်ပါတယ်။
(Zawgyi ဖြင့် ဖတ်ရန်)
အဂွဲရိုး၊ ကန်တေ၊ ဒေးဗစ်ဆေးလ်ဗား၊ ဗန်ဒိုက်နဲ့ ဆယ်စုနှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးခေါ်ယူမှုများ