■ပရိသတ်အကြိုက်တွေ့စေမယ့် ဒီသုံးပွင့်ဆိုင် ဒရာမာဇာတ်ကားမှာဘာတွေဖြစ်လာမလဲ ဒီ " မိုက်မဲချစ် ရုပ်ရှင်ဇာတ်ကားကြီး "ကိုတော့ ဒါရိုက်တာ ဇော်မျိုး(ခရေပုံပြင်)က ဖန်တီးပုံဖော်ထားပါတယ်။ ဒီဇာတ်ကားမှာ အကယ်ဒမီ မြင့်မြတ်၊ သရုပ်ဆောင် ရွှေမှုံရတီ၊ သရုပ်ဆောင် ခင်ဝင့်ဝါတို့နဲ့အတူ အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။
ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေ ၊ ဒါရိုက်တာ၊ ထုတ်လုပ်သူတို့ရဲ့ စကားသံတွေ Red Carpet Show တက်ရောက်လာတဲ့ အနုပညာရှင်၊ ဧည့်သည်တော်တွေ အသီးသီးတက်ရောက်လာတဲ့ မြင်ကွင်းတွေကို ဒီအစီအစဉ်ကနေ ရိုက်ကူးတင်ဆက်ပေးထားပါတယ်။