အစိုးရအနေဖြင့် ရခိုင်အရေးကိစ္စတွင် သတင်းများကို ပိုမိုလျင်မြန်စွာ ထုတ်ပြန်သင့်ပြီး ပြည်တွင်းပြည်ပအဖွဲ့များနှင့် မီဒီယာများကို လွတ်လပ်စွာ သွားလာခွင့်ပြုသင့်ဟု ပြည်သူ့လွှတ်တော်ကော်မတီ အကြံပြု
နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး သတင်းမှန်များနဲ့ ပကတိ အခြေအနေများ ထုတ်ပြန်ခြင်းကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်သင့်ပြီး ရခိုင်ပြည်နယ်အတွင်း ပကတိ အနေအထားကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနဲ့ သတင်းမီဒီယာများ ပိုမိုသိရှိနိုင်စေရန်အတွက် လွတ်လပ်စွာ သွားလာခွင့်ပြုပေးသင့်တယ်လို့ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီရဲ့ အစီရင်ခံစာမှာ အကြံပြုပါရှိပါတယ်။