“နေ့တိုင်းကို ပတ်စပို့ရုံးမှာ တန်းစီတိုးနေတယ်၊ ဒီမှာ စားမလောက်ဘူး၊ လုပ်စရာအလုပ်က ခက်ခဲတယ်ဆိုရင်တော့ ကျွန်တော်တို့ စီးပွားရေးကောင်းတယ်လို့ ပြောဖို့ မလွယ်ဘူးထင်တယ်”
ဒေါက်တာစိုးထွန်း(ဥက္ကဋ္ဌ)မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း
ဇန်နဝါရီ ၁၅ ရက်ကပြုလုပ်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်ရေး အစီရင်ခံစာမှာ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းက ၆.၄ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၀ ခုနှစ်မှာ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဏမှာ ရင်းနှီးမြှပ်နံှမှု မြင့်တက်လာမှုနဲ့ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ အကောင်အထည်ဖော်သွားဖွယ်ရှိတဲ့ အစိုးရရဲ့ အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် သုံးစွဲမှုတွေကို အခြေခံပြီးတော့ ခန့်မှန်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။