မန္တလေးမြို့တွင် အဓိကလမ်းမများ အပါအဝင် တစ်လမ်းမောင်းအဖြစ် အသုံးပြုခဲ့သည့် လမ်းအချို့ကိုပါ နှစ်လမ်းမောင်းအဖြစ် ပြောင်းလဲ အသုံးပြုသွားမည်
မန္တလေးမြို့ရှိ အဓိကလမ်းမများကို နှစ်လမ်းမောင်းအဖြစ် ပြန်လည်အသုံးပြုမှာဖြစ်ပြီး တစ်လမ်းမောင်းအဖြစ် အသုံးပြုခဲ့တဲ့ လမ်းတစ်ချို့ကိုပါ နှစ်လမ်းမောင်းအဖြစ် အသုံးပြုသွားမှာ ဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။