စည်ပင်ဝန်ထမ်းတွေရဲ့ ဖမ်းဆီးခြင်းခံရပြီးနောက် သူရောင်းတဲ့လိမ္မော်သီးတွေကို တူနဲ့ထုကာဖျက်ဆီးခံခဲ့ရတဲ့ ဈေးသည် အဘ တစ်ဦးရဲ့ ဖြစ်ရပ်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုတွေ အလွန်များခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် အဘကို ထောက်ပံ့ကူညီမှုတွေရှိလာခဲ့ပြီး ယနေ့မှာတော့နာမည်ကြီး ဖိလစ်ပိုင်မော်ဒယ် Sinon Loresca ကလည်း အဘရဲ့အိမ်ကို လာခဲ့ပြီး လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ လုပ်ပေးခဲ့ပါတယ်။ အဘရဲ့ နာမည်က ဦးသိန်းထွန်းဖြစ်ပြီး အသက် (၇၀) အရွယ်ရှိပြီ ဖြစ်ကာ အဘရဲ့ ဇနီးက အသက် (၆၀) ဖြစ်ပြီး သားသမီးလေးယောက်ရှိတယ်လို့ သိရပါတယ်။ အဘရဲ့ မသန်စွမ်းကလေးငယ် တစ်ဦးအတွက်လည်း ဝှီးချဲဝယ်ပေးမယ်လို့ Sinon က ဆိုပါတယ်။