မန္တလေးစျေးချိုတော်ကဲ့သို့ ခွင့်မပြုဓာတုဆိုးဆေးကင်းစင်စျေးဖြစ်ရန် မန္တလေးမြို့ရှိ အခြားစျေးများတွင်လည်း စစ်ဆေးမှုများဆောင်ရွက်နေ
ယခုနှစ်အတွင်း မန္တလေးစျေးချိုတော်အား ခွင့်မပြုဓာတုဆိုးဆေးကင်းစင်သော စျေးအဖြစ် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနမှ သတ်မှတ်ကြေညာနိုင်ခဲ့ပြီး မန္တလေးမြို့ပေါ်ရှိ အခြားစျေးများတွင်လည်း သတ်မှတ်ကြေညာနိုင်ဖို့အတွက် စားသောက်ကုန်များအား စစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။