ပရိသတ်တွေပွဲမပြီးမီ ပြန်ကုန်ကြပြီ၊ လူငယ်တွေ ယူနိုက်တက်ဝတ်စုံ ဆင်မြန်းဖို့ ရှက်ရွံ့နေကြပြီ

ပရိသတ်တွေပွဲမပြီးမီ ပြန်ကုန်ကြပြီ၊ လူငယ်တွေ ယူနိုက်တက်ဝတ်စုံ ဆင်မြန်းဖို့ ရှက်ရွံ့နေကြပြီ
Published 24 January 2020

 

■ ဘန်လေကို အညံ့ခဲ့ခဲ့ရတဲ့ပွဲအပြီးမှာ ယူနိုက်တက်ပရိသတ်တွေဟာ သူတို့အသင်းကို ပြန်ပြီးလှောင်ပြောင်ခဲ့ကြတယ်။ ဒီလိုဖြစ်ရပ်မျိုးဟာ ယူနိုက်တက်အသင်းသမိုင်းမှာ ရှားပါတယ်။ ပြီးတော့ ပွဲမပြီးမီ အိုးလ်ထရက်ဖို့ဒ်ကွင်းထဲကနေ ပရိသတ်ရာပေါင်းများစွာ ထွက်ခွာခဲ့ကြတယ်။ ယူနိုက်တက်ပရိသတ်တွေအတွက် အရှုံးထက်ပိုသောခံစားချက်ဟာ မီးတောင်တစ်လုံးလို တည်ရှိနေကြပြီ။  စီမံခန့်ခွဲမှုအလွဲအမှားတွေရယ်၊ ညံ့ဖျင်းတဲ့ခေါင်းဆောင်တွေရယ်ကြားမှာ ယူနိုက်တက်ပရိသတ်တွေအတွက် နာကျင်စရာသံပတ်ဟာ အရှိန်အဟုန်ပြင်းစွာလည်ပတ်နေဦးမှာပဲ။ 

■ ယူနိုက်တက်ပရိသတ်တွေဟာ နာကျင်စရာအတွက် အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ပြစ်တင်တယ်၊ အမှုဆောင်အရာရှိချုပ် အက်ဝုဒ်ဝက်ဒ်ကို ပြစ်တင်ကြတယ်၊ ဂလေဇာမိသားစုနဲ့ အက်ဝုဒ်ဝက်ဒ်တို့ရဲ့ စီးပွားရေးဆန်လွန်းတဲ့ မျက်လုံးတွေ၊ နှလုံးသားတွေကို ယူနိုက်တက်ပရိသတ်တွေ ဖောက်ထုတ်ပစ်ချင်နေမလား။ ပွဲမပြီးမီ အိုးလ်ထရက်ဖို့ဒ်ကွင်းထဲကနေ ထွက်ခွာသွားတဲ့ ယူနိုက်တက်ပရိသတ်တွေရင်ထဲ ပေါက်ကွဲလုနီးပါး မီးတောင်တစ်လုံးလို ဒေါသတွေရှိနေနိုင်သလို၊ ဖရိုဖရဲအိပ်မက်တွေအတွက် ဝမ်းနည်းနာကျင်စိတ်လည်း ရှိနေပါလိမ့်မယ်။ 

■ ပြိုင်ဘက်ကစားသမားဟောင်းတချို့က နစ်မွန်းနေတဲ့ ယူနိုက်တက်ကို လှောင်ပြောင်တာမျိုးထက် ကရုဏာသက်တဲ့ပုံစံမျိုးပြောနေကြပြီ။ ယူနိုက်တက်ပရိသတ်တွေအနေနဲ့ အသင်းကို ချစ်မြဲချစ်ပြီး ဂလေဇာမိသားစုနဲ့ အက်ဝုဒ်ဝက်ဒ်ကို ဆန့်ကျင်ပြီးရင်း ဆန့်ကျင်ရပါမယ်။ ဘန်လေအသင်းနဲ့ပွဲတုန်းကလို ပွဲမပြီးမီ ကွင်းထဲကထွက်ခွာသွားတာဟာ ကစားသမားတွေအတွက် နာကျင်စရာဆိုပေမယ့် အဲဒီလိုတော်လှန်ရေးမျိုး ခပ်များများဆင်နွှဲနေမယ်ဆိုရင် ဂလေဇာမိသားစုနဲ့ အက်ဝုဒ်ဝက်ဒ် မျက်ခုံးလှုပ်နေပါလိမ့်မယ်။ 

(Zawgyi ျဖင့္ ဖတ္ရန္)

■ ပရိသတ္ေတြပြဲမၿပီးမီ ျပန္ကုန္ၾကၿပီ၊ လူငယ္ေတြ ယူႏုိက္တက္၀တ္စံု ဆင္ျမန္းဖုိ႔ ရွက္ရြံ႕ေနၾကၿပီ

■ ဘန္ေလကို အညံ့ခဲ့ခဲ့ရတဲ့ပြဲအၿပီးမွာ ယူႏုိက္တက္ပရိသတ္ေတြဟာ သူတုိ႔အသင္းကို ျပန္ၿပီးေလွာင္ေျပာင္ခဲ့ၾကတယ္။ ဒီလိုျဖစ္ရပ္မ်ဳိးဟာ ယူႏုိက္တက္အသင္းသမုိင္းမွာ ရွားပါတယ္။ ၿပီးေတာ့ ပြဲမၿပီးမီ အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲကေန ပရိသတ္ရာေပါင္းမ်ားစြာ ထြက္ခြာခဲ့ၾကတယ္။ ယူႏုိက္တက္ပရိသတ္ေတြအတြက္ အ႐ႈံးထက္ပိုေသာခံစားခ်က္ဟာ မီးေတာင္တစ္လံုးလို တည္ရွိေနၾကၿပီ။  စီမံခန္႔ခြဲမႈအလြဲအမွားေတြရယ္၊ ညံ့ဖ်င္းတဲ့ေခါင္းေဆာင္ေတြရယ္ၾကားမွာ ယူႏုိက္တက္ပရိသတ္ေတြအတြက္ နာက်င္စရာသံပတ္ဟာ အရွိန္အဟုန္ျပင္းစြာလည္ပတ္ေနဦးမွာပဲ။ 

■ ယူႏုိက္တက္ပရိသတ္ေတြဟာ နာက်င္စရာအတြက္ အသင္းပိုင္ရွင္ ဂေလဇာမိသားစုကို ျပစ္တင္တယ္၊ အမႈေဆာင္အရာရွိခ်ဳပ္ အက္၀ုဒ္၀က္ဒ္ကို ျပစ္တင္ၾကတယ္၊ ဂေလဇာမိသားစုနဲ႔ အက္၀ုဒ္၀က္ဒ္တို႔ရဲ႕ စီးပြားေရးဆန္လြန္းတဲ့ မ်က္လံုးေတြ၊ ႏွလံုးသားေတြကို ယူႏုိက္တက္ပရိသတ္ေတြ ေဖာက္ထုတ္ပစ္ခ်င္ေနမလား။ ပြဲမၿပီးမီ အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲကေန ထြက္ခြာသြားတဲ့ ယူႏုိက္တက္ပရိသတ္ေတြရင္ထဲ ေပါက္ကြဲလုနီးပါး မီးေတာင္တစ္လံုးလို ေဒါသေတြရွိေနႏုိင္သလို၊ ဖ႐ုိဖရဲအိပ္မက္ေတြအတြက္ ၀မ္းနည္းနာက်င္စိတ္လည္း ရွိေနပါလိမ့္မယ္။ 

■ ၿပိဳင္ဘက္ကစားသမားေဟာင္းတခ်ဳိ႕က နစ္မြန္းေနတဲ့ ယူႏုိက္တက္ကို ေလွာင္ေျပာင္တာမ်ဳိးထက္ က႐ုဏာသက္တဲ့ပံုစံမ်ဳိးေျပာေနၾကၿပီ။ ယူႏုိက္တက္ပရိသတ္ေတြအေနနဲ႔ အသင္းကို ခ်စ္ၿမဲခ်စ္ၿပီး ဂေလဇာမိသားစုနဲ႔ အက္၀ုဒ္၀က္ဒ္ကို ဆန္႔က်င္ၿပီးရင္း ဆန္႔က်င္ရပါမယ္။ ဘန္ေလအသင္းနဲ႔ပြဲတုန္းကလို ပြဲမၿပီးမီ ကြင္းထဲကထြက္ခြာသြားတာဟာ ကစားသမားေတြအတြက္ နာက်င္စရာဆုိေပမယ့္ အဲဒီလုိေတာ္လွန္ေရးမ်ဳိး ခပ္မ်ားမ်ားဆင္ႏႊဲေနမယ္ဆုိရင္ ဂေလဇာမိသားစုနဲ႔ အက္၀ုဒ္၀က္ဒ္ မ်က္ခံုးလႈပ္ေနပါလိမ့္မယ္။ 
 

Most Viewed

Most Recent