မမြင်ရမယ့် လက်သည်းတွေ ဆွဲကုတ်နေပြီလား

မမြင်ရမယ့် လက်သည်းတွေ ဆွဲကုတ်နေပြီလား
Published 28 January 2020

 

ဘောလုံးလောကဟာ လောင်းကစားကုမ္ပဏီတွေရဲ့ စပွန်ဆာအပေါ် ပိုပြီးမှီခိုလာရတယ်လို့ ဗြိတိန်အားကစားဝန်ကြီး နီဂျယ်လ်အဒမ်စ်က သတိပေးလိုက်တယ်။ ဘောလုံးကလပ်အသင်းတွေအနေနဲ့ လောင်း ကစားကုမ္ပဏီတွေဆီက စီးဆင်းလာတဲ့ငွေကြေးမဟုတ်ဘဲ တခြားဝင်ငွေစီးကြောင်းတွေ ရှာဖွေသင့်တယ်လို့လည်း နီဂျယ်လ်အဒမ်စ် တိုက်တွန်းခဲ့တယ်။ နောက်ပိုင်းနှစ်တွေအတွင်းမှာ အားကစားနဲ့ လောင်းကစား ရပ်ဝန်းရဲ့ ဆက်နွယ်မှုက ပိုပြီးကျယ်ပြန့်လာပါတယ်။