မူးယစ်ဆေးဝါးမှုနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ မိုးအောင်ရင်နဲ့ပတ်သက်ပြီး သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် နန်းဆုရတီစိုးက ဒီသတင်းကိုကြားတဲ့အချိန်မှာ သူ့မိဘတွေမျက်နှာကိုပဲ ပြေးမြင်ယောင်ပြီး လူငယ်တစ်ယောက်အတွက် ထောင်ဒဏ်(၁၇)နှစ်က အရမ်းပြင်းထန်လွန်းပြီး ငယ်ရွယ်တဲ့အချိန်တွေ ကုန်ဆုံးသွားတယ်လို့ မြင်ကြောင်း သူမရဲ့အမြင်ကို ပြောပြပါတယ်။