GGS ကုမ္ပဏီက ရေနံသဘာဝဓါတ်ငွေ့ဌာနကို ပေးသွင်းရမည့်ဂတ်စ်ဖိုးကျပ် ရှစ်ဘီလျံကျော်ကို ပြည်ထောင်စုဘတ်ဂျက်ထဲမှ ကြားဝင်ဖြည့်ဆည်း ပေးထားရသည့်ကိစ္စနှင့်ပတ်သက်ပြီး လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဖြေရှင်းချက်ပေးစေချင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြော
ထားဝယ်မီးလင်းရေး ဆောင်ရွက်နေတဲ့ (Global Grand Services)GGS ကုမ္ပဏီက ရေနံသဘာဝဓါတ်ငွေ့ဌာနကို ပေးသွင်းရမယ့် ဂတ်စ်ဖိုးကျပ် ရှစ်ဘီလျံကျော်ကို လျှပ်စစ်ဌာနက ပြည်ထောင်စုဘတ်ဂျက်ထဲက ကြားဝင်ဖြည့်ဆည်းပေးထားရတဲဲ့ ကိစ္စမှာ တာဝန်အရှိဆုံး တိုင်းအစိုးရအနေနဲ့ ရေငုံနုတ်ပိတ်နေရုံမက ငွေသွင်းရန်ကိစ္စအတွက် ဝန်ကြီးကိုယ်တိုင်လာတွေ့ရန် စိန်ခေါ်ခဲ့တာတွေနဲ့ပတ်သက်ပြီး လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ဖြေရှင်းချက်ပေးစေချင်တယ်လို့ ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက ပြောကြားခဲ့ပါတယ််။