ပြည်ပကြွေးမြီများနှင့်ပတ်သက်၍ ချေးငွေချေးယူခြင်းမူဝါဒကို အတိအကျချမှတ်ကျင့်သုံးရန် လိုအပ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခို်င် ဆွေးနွေး
ပြည်ပကြွေးမြီတွေဟာ သက်တမ်းရှည်လျားတဲ့အတွက် ရေရှည်မှာ နိုင်ငံခြားငွေလဲလှယ်နှုန်းပြောင်းလဲမှုကြောင့် ဆုံးရှုံးနိုင်ခြေတွေ မြင့်တက်လာနိုင်ပြီး တိုးရင်းပေါင်းပေးပြီး ပေးချေရတဲ့ ပမာဏများလာနိုင်လို့ အခွန်ပိုမိုကောက်ခံလာရခြင်း၊ ဘတ်ဂျက်သုံးစွဲမှုလျော့ချ လာရခြင်း စတဲ့အချက်တွေကြောင့် ချေးငွေချေးယူခြင်းမူဝါဒကို အတိအကျချမှတ်ကျင့်သုံးရန် လိုအပ်နေတယ်လို့ ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ဆွေးနွေးသွားခဲ့ပါတယ်။