အသက် ၁၇ နှစ်ပဲရှိသေးတဲ့ လူငယ်လေး။ ကိုယ်ဟန်ခပ်ဖျော့ဖျော့ ၊ အပြုံးချိုချိုနဲ့ အဲဒီချာတိတ်လေးဟာ ဘာစီလိုနာလို အသင်းကြီးတစ်သင်းမှာ စံချိန်ပေါင်းများစွာ စိုက်ထူထားသူ ဖြစ်ပါတယ်။ အန်ဆုဖာတီဟာ ဒီလိုစံချိန်မှတ်တမ်းတွေကိုရဖို့ မက်ဆီ၊ ဆွာရက်ဇ်၊ ဂရီးဇ်စ်မန်း၊ ဒမ်ဘီလီတို့လို ထိပ်တန်းကစားသမားတွေ မှိုလိုပေါက်နေတဲ့ ဘာစီလိုနာတိုက်စစ်မှာ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရတာပါ။
မက်ဆီရဲ့ ဖေးမကူညီမှုတွေနဲ့အတူ အန်ဆုဖာတီဟာ နူးကမ့်ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူများလား။ လူငယ်တစ်ဦးရဲ့ မျှော်လင့်ခြင်းက ဘယ်လောက်ထိ အတိုင်းအဆကြီးမားသလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပြီး နူးကမ့်ကို တံခါးခေါက်လာသူတစ်ဦးရဲ့ ရင်ခုန်သံကို ပရိသတ်တွေ နားစွင့်ရဦးမှာပါ။