အနုပညာဖန်တီးမှုတွေကိုရုပ်ရှင်ရုံမှာလာကြည့်ဖို့ ဖိတ်ခေါ်ပေမယ့် ခုလိုအချိန်မျိုးကြီးမှာ အများကြီးလည်း မဖိတ်ခေါ်ချင်ဘူး ၊ လူစည်ကားတဲ့အရပ်မို့ ရောဂါကူးစက်မှုတွေဖြစ်မှာလည်းစိုးတယ် - ကျော်ကျော်ဗိုလ်
ကပ်ရောဂါတွေဖြစ်နေချိန်မှာကျန်းမာရေးကို နဂိုထက်ပိုပြီး ဂရုတစိုက်ရှိသင့်တယ်လို့ဆိုတဲ့ ကျော်ကျော်ဗိုလ်က လူစုလူဝေးရှိတဲ့နေရာတွေဆီကို တတ်နိုင်သလောက်ရှောင်စေချင်ပြီး ဒီအခိုက်အတန့် မှာဂရုတစိုက်နဲ့ ဆင်ခြင်လိုက်ရင် ပိုပြီး Save ဖြစ်တယ် လို့ဆိုပါတယ်။