ဧရာဝတီတိုင်းအတွင်း စိုက်ပျိုးစရိတ်ကြွေးကျန်များပြားသည့် မြို့နယ်များတွင် ကြွေးကျန်များကို တောင်သူတစ်ဦးချင်းအလိုက် စာရင်းကောက်ယူကာ ပြန်လည်ကောက်ခံသွားမည်။
ဧရာဝတီတိုင်းအတွင်းက စိုက်ပျိုးစရိတ်ကြွေးကျန်များပြားတဲ့ ဘိုကလေးမြို့နယ်၊မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ဝါးခယ်မမြို့နယ်နှင့် လပွတ္တာမြို့နယ်တွေမှာ တောင်သူတစ်ဦးချင်းအလိုက် စာရင်းကောက်ယူကာ စိုက်ပျိုးစရိတ်ကြွေးကျန်တွေကို ပြန်လည်ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။